myanmar poem
ပင်မစာမျက်နှာ
ဝတ္တုများ
Videoများ
ဓာတ်ပုံများ
ကဗျာများ
စာအုပ်များblog
myanmar songs mp3
စာအုပ်များဒေါင်းရန်
ရွှေပျိုးသူများ
(တျာချင်း)
မိုးဦးချိန်ကျ ၊ သူစလုပ်ချေပြီ
လယ်ထွန်ပျိုးကျဲ ၊ တူနွဲလို့ပျော်သည်
နွားညို နွားနီ ၊ တူညီအားထက်
ရှေးတွက်ကိုသာ၊ ဦးကြီးမှာ
လယ်ယာစပါး ထွက်သည်နှင့်လေး။
ကန်သင်းဘောင်တွက်၊ပမ်းလျက်သူ့မှာတည်
ရေသွင်းရေထုတ်၊အဟုတ်ချင့်ရမည်
မိုးဖွဲများသည်၊ချမ်းပြီတစ်ခေါက်
မိုးကာနှင့်သာ၊ခမောက်ပါ
သူဘာကိုထောက် ကြောက်သည်နှင့်လေး။
အပင်စပေါက်၊ဒူးလောက်ရှည်လာပြီ
ပျိုးနုတ်ကောက်စိုက်၊သူလိုက်ငှါးပြန်သည်
စေတနာမည်၊သူရည်ရွယ်မျိုး
အကျိုးမှန်စွာ၊ သူတွေးကာ
လယ်ယာဝန်ထမ်း ကျိုးငယ်နှင့်လေး။
ဆောင်းဦးကိုတိုး၊မရိုးနိုင်ပါသည်
ရွှေရောင်သူလင်း၊မှည့်ဝင်း၍လာပြီ
အချိန်အတည် ၊ ရိတ်မည်စပါး
မကြွားဘူးဗျာ ၊တကယ်ပါ
တောင်ယာပုံသို့ များသည်နှင့်လေး။
ရွှေရောင်စပါး တိုးလှပါပေသည်။
ငွေဖောင်အများ ပျိုးကြပါလေသည်။
သူရိန်နေမင်း(ကျောက်တံခါး)
မျဉ်းပြိုင်မာန
မင်းကိုယ်မင်း
အချစ်ရဲ့နတ်ဖုရားမလို့တင်စားချင်
တင်စားနိုင်တယ်...
ဒါပေမဲ့...
ငါ့ကိုတော့အမြင်မခါးလိုက်နဲ့...
မင်းကစားနေတဲ့အချစ်ကို
ပူဇော်ပသတဲ့အချစ်ကျေးကျွန်မဟုတ်ဘူး....
မင်းကိုယ်မင်း
မာယာဧကရာဇ်ဘုရင်မကြီးလို့တင်စားချင်
တင်စားနိုင်တယ်..
ဒါပေမဲ့..
ငါက..မင်းရဲ့အစေခံတပ်သားမဟုတ်ဘူး...
ငွေလမ်းမှာ
ရွှေခြေလှမ်းနဲ့..မင်းလျှောက်လှမ်းနိုင်သလို
ငါက..
အသိလမ်းမှာ
သတိခြေလှမ်းနဲ့လျှောတ်လှမ်းနိုင်တယ်...
မင်းက..ကျားဖမ်းတဲ့မုဆိုးလို့
ဟစ်ကြွေးထားပေမဲ့
ငါကလည်းအမြူတေရှိတဲ့ကျားရိုင်းဆိုတာ
မင်းမမေ့ပါနဲ့......။
ဒီမယ်မိန်းကလေး...
မွေးထဲကနူးညံ့တဲ့အသည်းနှလုံးကို
အမုန်းဓားနဲ့ခွဲထုတ်ခဲ့ပြီးပြီ...
ဒီတော့...
ငါခံစားနေရမယ်ထင်တဲ့
အကြံများကို
အမှန်စကားပြောလိုက်မယ်
ပြန်သွားလိုက်ပါတော့....။
တာ့တာပါပဲကွယ်
တာ့တာပါပဲ.....။
သူရိန်နေမင်း(ကျောက်တံခါး)
၁၅.၇.၂၀၁၅. ည၁၂နာရီ၅၀မိနစ်
ပင်မစာမျက်နှာ
ဝတ္တုများ
Videoများ
ဓာတ်ပုံများ
ကဗျာများ
စာအုပ်များblog
myanmar songs mp3
စာအုပ်များဒေါင်းရန်